OpenAI ၏ Navier-Stokes သင်္ချာပြဿနာဖြေရှင်းနိုင်ခဲ့ကြောင်း ကြေညာမှု
← NewsDaily News

OpenAI ၏ Navier-Stokes သင်္ချာပြဿနာဖြေရှင်းနိုင်ခဲ့ကြောင်း ကြေညာမှု

အမေရိကန်နိုင်ငံအခြေစိုက် OpenAI သည် သင်္ချာပညာ၏ နာမည်ကျော် Millennium Prize Problems များအနက်တစ်ခုဖြစ်သည့် Navier-Stokes (အရည်နဲ့ ဓာတ်ငွေ့တွေ ဘယ်လိုရွေ့လျားစီးဆင်းသလဲဆိုတာကို ဖော်ပြတဲ့ သင်္ချာညီမျှခြင်း) ပြဿနာကို ၎င်း၏ AI စနစ်က ဖြေရှင်းနိုင်ခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ OpenAI ၏ ဖော်ပြချက်အရ AI agent ပေါင်း ၁၀,၀၀၀ ခန့်သည် တစ်ပြိုင်နက် စတင်လုပ်ဆောင်ပြီးနောက် ၈၈ နာရီ အတွင်း ပြဿနာကိုဖြေရှင်းခဲ့ကြောင်း ဖော်ပြထားသည်။ ထို့နောက် GPT‑6 Astra ဖြင့် မှန်ကန်မှု စစ်ဆေးအတည်ပြုခြင်းအတွက် နောက်ထပ် ၁၇ နာရီ ကြာခဲ့သည်။ Navier–Stokes ပြဿနာကို ဖြေရှင်းသည့် လုပ်ငန်းစဉ်အတွင်း AI agent များသည် အပြန်အလှန် မက်ဆေ့ချ် ၂.၇ သန်း ပေးပို့ခဲ့ပြီး output token ၁၃၀ ဘီလီယံခန့် (သန်းပေါင်း ၁၃၀,၀၀၀) အသုံးပြခဲ့ပြီးနောက် ကွန်ပျူတာဖြင့် အတည်ပြုနိုင်သည့် သက်သေပြချက်တစ်ရပ် ရရှိခဲ့ခြင်းဖြစ်သည်။ OpenAI သည် ဩဂုတ် ၂၈ ရက်မှစ၍ သင်္ချာအပါအဝင် စမ်းသပ်မှုများတွင် ယခင်ထက် ထူးခြားစွာ စွမ်းဆောင်နိုင်သော အတွင်းပိုင်းမော်ဒယ်အသစ်ကို လေ့ကျင့်ခဲ့သည်။ လေ့ကျင့်မှု ဆက်လက်လုပ်ဆောင်နေပြီး စွမ်းဆောင်ရည်လည်း တိုးတက်နေကြောင်း ဖော်ပြထားသည်။

Source OpenAI https://openai.com/index/navier-stokes-solution/